အမြင့် မကြောက်တဲ့ရွှေ **********************

   - ဒီတပါတ်မှာတော့ ကမ္ဘာ့ရွှေစျေးဟာ တစ်အောင်စကို ၁၇၄၆ ၀န်းကျင်နဲ့စျေးဖွင့်ခဲ့ပြီးနောက်မှာတော့ ၁၇၆၄ ဝန်းကျင် အထိ ၂၂ ဒေါ်လာလောက် တက်သွားခဲ့ပါတယ်။

-ကမ္ဘာ့ရွှေစျေးတန်းဟာ တစ်လကျော်ကြာချိန်အထိ ကြီးမားတဲ့ sideway range အတွင်း တည်ရှိနေခဲ့ရာကနေ ဒီမနက်မှာတော့ အရှိန်ကောင်းစွာနဲ့ ဖောက်ထွက်ထားခဲ့ပါတယ်။

-ပြီးခဲ့တဲ့ တပါတ်တာကာလကို ပြန်ကြည့်မယ်ဆိုရင်လည်း Triangle Pattern တခုဖြစ်ပေါ်ထားရာမှ ကြာသပတေးနေ့ကစပြီး Breakout ဖြစ်ပေါ်ထားခဲ့တာက အတက်အတွက် လမ်းစတခုဖော်ဆောင်ခဲ့တာလို့ယူဆနိူင်ပါတယ်။

-ဒီတပါတ်အတွက် သတိပြုရမယ့် စျေးတတန်းကတော့ support level တခုဖြစ်တဲ့ ၁၇၄၇ ဟာ သတိပြုရမယ့် စျေးတန်းတခုဖြစ်လာနိုင်ပါလိမ့်မယ်။

-လက်ရှိစျေးတန်အနေအထားကို သုံးသပ်ကြည့်မယ်ဆိုရင် ယခုအပါတ်အတွက် ၁၇၄၇ ဝန်းကျင်ဟာ သတိပြုရမယ့်စျေးတန်းဖြစ်ပြီး ၁၇၄၇ အထက်မှာသာ ဆက်လက်စျေးပိတ်နိုင်ခဲ့မယ်ဆိုရင် ၁၇၉၇ ဝန်းကျင်ထိ စျေးဆက်လက်တက်နိင်တယ်။

    -၁၇၄၇ စျေးတန်းအောက်မှာသာ စျေးပြန်လည်ပိတ်ခဲ့ပါက ၁၇၀၀ ဝန်းကျင်ကို ပြန်လည်ရောက်ရှိနိုင်ပါလိမ့်မယ်။

#MyGoldMyanmar #MyoMinLatt #MarketAnalysis #Xauusd #Commodity #Forex