World Gold အမြင့်မှာ ပျံသန်းနေတဲ့ သိန်းငှက်တစ်ကောင်အလား လက်ရှိရောက်နေတဲ့ ကမ္ဘာ့ရွှေဈေး

    လက်ရှိ ကမ္ဘာ့ရွှေဈေးဟာ လွန်ခဲ့သည့် ၂၀၁၁ စက်တင်ဘာလ တွင် အမြင့်ဆုံးရောက်ရှိခဲ့သည့် ဈေးတန်းဖြစ်သည့် ရွှေ တစ်အောင်စကို $1920 ဈေးတန်းကို ယနေ့ ၂၀၂၀ခုနှစ် ဇူလိုင်လ ၂၇ရက် နေ့တွင် ချိူးဖောက်ခဲ့ပြီး သမိုင်းတွင်အမြင့်ဆုံးဖြစ်သည့် ဈေးတန်းကို စံချိန်ချိူးခဲ့သည်။ ရွှေဈေးသည် Daily, Weekly, Monthly Timeframes အရ သွားကြည့်လျှင်လည်း မည်သည့် Reversal မှ မတွေ့ရှိရသေးပဲ အတက်အားကောင်းစွာဖြင့် တက်နေသည်ကိုတွေ့ရမည်။ သို့သော် ဈေးတန်းသည် Resistance တန်းကို ရောက်ရှိနေကြောင်း History High ဖြစ်နေသည်က တစ်ကြောင်း ထောင်ပြည့်ဂဏန်းဖြစ်သည့် $2000 နားနီးကပ်နေပြီဖြစ်သော အကြောင်းအရာများကြောင့် ရွှေအဝယ်များသတိထားသင့်သည့်နေရာဖြစ်ပြီး အတက်အကျ ကြမ်းနိုင်သောနေရာဖြစ်သည်။ ထိုဈေးတန်းသည် လူအများစောင့်ကြည့်နေသောဈေးတန်းဖြစ်ပြီး အရောင်းအတွက် သေချာစောင့်ကြည့်သင့်သည်။ သို့သော် Daily, Weekly လိုမျိူး Timeframes များတွင် Candle Reversal ကောင်းကောင်းဖြစ်မှသာလျှင် အရောင်းဘက်ကို လိုက်သင့်သည်။ လက်ရှိ US Dollar Index ကိုသွားကြည့်မည်ဆိုပါက Index သည်လည်း Support သို့ရောက်ရှိနေသည်ကိုလည်းတွေ့ရှိရမည်ဖြစ်သည်။ US Index ဆက်လက်ဖောက်ဆင်းမည်ဆိုပါက ရွှေဈေးတန်းသည် တစ်အောင်စကို $2000 အထက်တွင်ဆက်လက်တွေ့ရှိရတော့မည်သာဖြစ်ကြောင်း..... ယခုအပတ်သည် ရွှေဈေးအတွက် သေချာစောင့်ကြည့်သင့်သော့ တပတ်တာဖြစ်ပြီး လ ၁လရဲ့ နောက်ဆုံးအပတ်လည်းဖြစ်သောကြောင့်သေခြာစောင့်ကြည့်သင့်သည်။ Gold Trader များအားလုံး ရောင်းကံဝယ်ကံများကောင်းကြပါစေ။

#YMFX