ငွေသွင်းငွေထုတ်ပြုလုပ်ခြင်း

Exchange Rate (17 Aug 2023 10:52 AM)
BUYMMK SELLMMK
USD 2095 2105
  • လူကြီးမင်း၏ အကောင့်အတွင်း ငွေသွင်း၊ ငွေထုတ် ကိစ္စရပ်များတွင် MGM ၏ ဒေါ်လာပေါက်စျေးအတိုင်း ထုတ်ယူနိုင်မည် ဖြစ်ပါသည်။
  • ငွေသွင်း၊ ငွေထုတ် ကိစ္စရပ်များကိုကုမ္ပဏီဖွင့်လှစ်သည့်ရက်များတွင် နံနက် ၉:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီ အတွင်းဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
  • ငွေသွင်း၊ ငွေထုတ် ကိစ္စရပ်များကို အကောင့်ဖွင့်မည့်သူ ကိုယ်တိုင် သာဆောင်ရွက်ရမည်။ တခြားကိုယ်စား လူပုဂ္ဂိုလ် မည်သူတစ်ဦးတစ်ယောက်မှ ဆောင်ရွက်ပေးခွင့်မရှိပါ။
  • အကောင့်ပိုင်ရှင် ဘက်မှငွေလွှဲကိစ္စရပ်များ ဆောင်ရွက်ရာတွင် ကုမ္ပဏီ၏ဘဏ်အကောင့်ဖြင့်သာဆောင်ရွက်ပေးမည်။
  • အကောင့်ပိုင်ရှင်သည်ကုမ္ပဏီ၏သတ်မှတ်ထားသောငွေလွှဲနည်းများမှ သင့်တော်သောနည်းလမ်းအား အသုံးပြုနိုင်သည်။
  • လူကြီးမင်း၏ TradeAccount တွင်ပေါ်နေသည့် လက်ကျန်ငွေပမာဏကို အချိန်မရွေးအသွင်း၊ အထုတ် ပြုလုပ်နိုင်ပါသည်။ ငွေထုတ်ယူရာတွင် အော်ဒါ (Order) ဖွင့်ထားသော အရှုံးအမြတ်များအား ထုတ်ယူခွင့်မရှိသောကြောင့် အော်ဒါ (Order) ပိတ်ပြီးမှသာ ထုတ်ယူနိုင်ပါသည်။

သတိပြုရန် (RISK WARNING)

Financial market တွင် ဝင်ရောက်လုပ်ကိုင်သူများသည် အရင်းအနှီးအနည်းငယ်ဖြင့်
အကျိုးအမြတ်များစွာရှာဖွေနိုင်သော်လည်းရောင်းမှားဝယ်မှား ဖြစ်ခြင်းကြောင့်
မိမိ Account အတွင်းရှိငွေများအားလုံးနီးပါးဆုံးရှုံးနိုင်ခြေရှိသဖြင့် မိမိတစ်ဦးချင်း၏အရှုံးခံနိုင်သည့်
ငွေကြေးပမာဏဖြင့်သာ Trade Account ဖွင့်လှစ်ရောင်းဝယ် သင့်ပါသည်။

ရှယ်ယာခေါ်ယူခြင်း ၊ အတိုးပေးခြင်း ၊ ငွေစုငွေချေး ကိစ္စရပ်များအား
MGM မှ လုံးဝ မပြုလုပ်ပါ။