အတိုးနှုန်းနှင့် ထိန်းကျောင်းခြင်း

                နိုင်ငံ့စီးပွားရေးကို လမ်းကြောင်းမှန်ဖြင့် ထိန်းသိမ်းနိုင်သော နည်းလမ်းတစ်ခုမှာ ၎င်းနိုင်ငံ၏ ဘဏ်တိုးနှုန်းဖြင့် ထိန်းကျောင်းခြင်းသည် အသုံးအများဆုံးနှင့် အထိရောက်ဆုံးနည်းလမ်း တစ်ခုပင် ဖြစ်ပါသည်။

                    

                                                                            How Interest Rate Work ?

                 ယေဘုယျအားဖြင့် နိုင်ငံ၏စီးပွားရေးကို အားကောင်းစေလိုသောအခါ ၎င်းနိုင်ငံ၏ ဗဟိုဘဏ်သည် အတိုး နှုန်း ချလေ့ရှိသည်။ အတိုးနှုန်း အလွန်နည်းပါကလည်း ငွေကြေးဖောင်းပွမှုကို ဖြစ်စေသည်။ ငွေကြေး ဖောင်းပွမှုကို ကာကွယ်ရန် ဗဟိုဘဏ်သည် အတိုးနှုန်းကို ပြန်တင်လေသည်။ ထိုအခါ စီးပွားရေး ပြန်လည်နှေးကွေး လာကာ ငွေကြေးဖောင်းပွမှုလည်း ပြန်လည်လျော့ကျ လာပေမည်။

                                                                                                         Fed Interest Rate History

                 ပုံမှာ လေ့လာကြည့်မယ်ဆိုရင် FED ဟာ အတိုးနှုန်းတွေကို တစ်နှစ်ကို ၈ ကြိမ် စဉ်းစားဆုံးဖြတ်လေ့ ရှိတာ တွေ့ရမယ့် အပြင် နိုင်ငံ့စီးပွားရေး လိုအပ်ချက်ကို လိုက်ပြီး အတိုးတင်ခြင်း အတိုးချခြင်းတွေကို ပြုလုပ်တာ တွေ့ရမှာ ဖြစ်ပါတယ်။ ချွင်းချက်အနေနဲ့ 2008 Great Recession အပြီးမှာသာ အတိုးနှုန်းကို နှုန်းသေ ပြုလုပ်ထားခဲ့တာ တွေ့ရမှာပါ။


အတိုးနှုန်းကို စီးပွားရေး လက်နက်သဖွယ် အသုံးပြုခြင်

                 မျက်မှောက်ကာလ ကမ္ဘာ့စီးပွားရေးနှင့် ငွေကြေးဈေးကွက်မှာတော့ အတိုးနှုန်းကို ထိန်းကျောင်းခြင်းအပြင် စီးပွားရေး လက်နက်အဖြစ်ပါ အသုံးပြုလာကြပြီ ဖြစ်ပါတယ်။

                 စတင်အသုံးပြုတဲ့သူကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဘဲ ဖြစ်ပါတယ်။ သူဟာ တရုတ်နဲ့ ဖြစ်ပေါ်နေတဲ့ Trade War မှာ အသာစီးရလိုတာကြောင့် Tax လက်နက်အပြင် အတိုးနှုန်းကိုပါ သုံးစွဲလိုတာ ဖြစ်ပါတယ်။ ဒါကြောင့် ထရမ့်ဟာ အမေရိကန် ဗဟိုဘဏ်အဖွဲ့အစည်းဖြစ်တဲ့ FED ကို ဖိအားအမျိုးမျိုးသုံးပီး အတိုး နှုန်းလျော့ချနိုင်ရေး ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ အတိုးနှုန်းကို တကယ့် လိုအပ်ချက်အတွက် မဟုတ်ဘဲ လိုလားချက် အတွက် အသုံးပြုမယ်ဆိုရင် နိုင်ငံစီးပွားရေး ထိခိုက်နိုင်မည် ဖြစ်ကြောင်း ပညာရှင်တွေက သတိပေး ထားပါတယ်။ ဒါပေမယ့် ထရမ့်ကတော့ Trade War မှာ သူအနိုင်မရသေးတာ FED ကြောင့်လို့ အပြစ်တင် လေ့ ရှိပါတယ်။


FED အတိုးနှုန်းအပေါ် အခြားဘဏ်များ၏ တုန့်ပြန်မှု

                 ဒေါ်နယ်ထရမ့် သဘောမပေါက်သေးဘူးလို့ ထင်ရတဲ့ အယူအဆ တစ်ခုကတော့ မိမိတစ်နိုင်ငံတည်း ကမ္ဘာမှာ ရပ်တည်နေတာ မဟုတ်ဘူး ဆိုတာပါဘဲ။ အခြားနိုင်ငံရဲ့ ငွေကြေးတွေ၊ ဗဟိုဘဏ်တွေနဲ့ ဦးဆောင်သူ တွေဟာ ဒီအတိုင်းငြိမ်နေမှာ မဟုတ်ပါဘူး။ ဒေါ်လာကြောင့် သူတို့ငွေကြေးတွေ ပိုင်ဆိုင်မှုတွေ စီးပွားရေးတွေ မဆုံးရှုံးအောင် ကာကွယ်ကြမှာ အမှန်ပါဘဲ။

                ဒီလိုကာကွယ်ကြတဲ့အခါ သူတို့ဘဏ်တွေရဲ့ လုပ်ပိုင်ခွင့်ထဲမှာ ရှိတဲ့ အတိုးနှုန်းလက်နက်ကိုဘဲ အဓိကအသုံး ပြု ကြမှာ ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ ငွေဈေးတွေအားလုံး ကျသထက်ကျလာခြင်း၊ ရွှေနှင့် Safe Heaven Asset များ တန်ဖိုးတက်လာခြင်း၊ စတော့ဈေးကွက်များ ထိခိုက်မှု ရှိလာခြင်း တို့ဘဲ ဖြစ်ပါတယ်။


ကုန်သွယ်ရေး စစ်ပွဲ နှင့် အတိုးနှုန်းများ (August 2019)

                ရှေးဦးစွာ အမေရိကန် ဗဟိုဘဏ်အဖွဲ့အစည်း FED က သြဂုတ်လ ၁ရက် မြန်မာစံတော်ချိန် မနက် ၁ နာရီမှာ မူလ အတိုးနှုန်း ၂.၅% မှ ၂.၂၅% သို့ စတင်လျော့ချကြောင်း ကြေငြာခဲ့ပါတယ်။

အဲဒီနေ့မနက် ၃ နာရီခွဲမှာဘဲ ဘရာဇီးနိုင်ငံ ဗဟိုဘဏ် (BCB) က မူလအတိုးနှုန်း ၆.၅% မှ ၆% သို့ လျော့ချ ကြောင်း ထုတ်ပြန်ကြေငြာ ခဲ့ပါတယ်။

                 နောက်တနေ့ သြဂုတ်လ ၂ ရက်နေ့မှာတော့ ထရမ့်က တရုတ်သွင်းကုန် ဘီလျံ ၃၀၀ အပေါ် အခွန် ၁၀% တိုးကောက်ခဲ့တဲ့အတွက် သြဂုတ်လ ၅ ရက်နေ့ အာရှဈေးကွက် ဖွင့်လျှင်ဖွင့်ခြင်း တရုတ်ယွမ်ငွေ ၁ ဒေါ်လာလျှင် ၇ ယွမ်အထက် ရောက်ရှိခဲ့ပါတယ်။ တရုတ်ဗဟိုဘဏ် (PBOC) ကတော့ ၂၀၁၅ နောက်ပိုင်း အတိုးနှုန်း ၄.၃၅%ကို မပြောင်းလဲဘဲ ထားရှိခဲ့ပေမယ့် ယွမ်ငွေတန်ဖိုးကိုတော့ နှိမ့်ချခဲ့ပါတယ်။

                အရှိန်အဟုန်မြင့်လာတဲ့ ကုန်သွယ်ရေးစစ်ပွဲကြောင့် သြဂုတ်လ ၇ ရက်နေ့ တရက်တည်းမှာတင် နိုင်ငံ ၃ ခုက ဗဟိုဘဏ်တွေဟာ အတိုးနှုန်းကို အသီးသီးလျော့ချ ခဲ့ကြပါတယ်။

မနက် ၈ နာရီခွဲမှာ နယူးဇီလန် ဗဟိုဘဏ် (RBNZ) က မူလ အတိုးနှုန်း ၁.၅% မှ ၁% သို့ လည်းကောင်း

နေ့လည် ၁၂ နာရီ ၄၅ မှာ အိန္ဒိယ ဗဟိုဘဏ် (BOI) က မူလ အတိုးနှုန်း ၅.၇၅% မှ ၅.၄% သို့လည်းကောင်း

နေ့လည် ၁ နာရီ ၃၅ မှာ ထိုင်းနိုင်ငံ ဗဟိုဘဏ် (BOT) က မူလ အတိုးနှုန်း ၁.၇၅% မှ ၁.၅% သို့လည်းကောင်း

အသီးသီ လျော့ချ ခဲ့ကြပါတယ်။

                အကျိုးဆက်အနေနဲ့ အဲဒီ သြဂုတ်လ ၇ ရက်နေ့ညမှာတော့ ကမ္ဘာ့ရွှေဈေးဟာ ၆ နှစ်အတွင်း အမြင့်ဆုံးဈေးဖြစ်တဲ့ ၁ အောင်စ ၁၅၀၀ ဈေးတန်းကို ဖြစ်ကျော် ရောက်ရှိသွားဘီ ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ တဝှမ်းက ဗဟိုဘဏ်တွေကလည်း နိုင်ငံအလိုက် တုန့်ပြန်မှုတွေနဲ့ ထိန်းကျောင်းမှုတွေ ပြုလုပ်ကြဖို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် စက်တင်ဘာလဟာ ငွေကြေးဈေးကွက်အတွက် ပွဲကြီးပွဲကောင်း ဖြစ်နိုင်တဲ့ လ တလ ဖြစ်ဦးမယ်ဆိုတဲ့အကြောင်း တင်ပြ လိုက်ရပါတယ်။

ရောင်းကံ ဝယ်ကံ ကောင်းကြပါစေ...

ဆရာထက်

                                                                                            Interest Rate Challenge September 2019